Monday, October 1, 2012

“ကျိန်စာသင့်တဲ့ ရင်ခွင်”

အမာရွတ်ထင်သွာတဲ့ ဒဏ်ရာတစ်ခုကို
ပလာစာဖုံးအုပ် လိုက်တာနဲ့ 
နာကျင်မှုကပျောက်သွားပြီလို့ 
အတ္တဆန်စွာ နင်သက်မှတ်ချင်တာလား
တစ်ဖက်သက်ဆန်သွားတဲ့ ခံစာချက်က
အခုချိန်မှာထပ်တူကျဖို့ ဆိုတာ
ကျော့ကွင်းမိနေတဲ့ သားကောင်လိုပဲ
ရုန်းထွက်လေနစ်လေပဲမို့ 
ကိုယ့်သေတွင်း ကိုယ်တူးတယ်ပဲဆိုဆို
ငါ့အသက် ငါမပိုင်သရွေ့ 
ချစ်နေရုံ ကလွဲလို့ (ငါ)ဘာမှမတက်နိုင်ဘူး
ထားခဲ့ရင် ထားခဲ့စမ်းပါ
မဆိုင်တဲ့ စကားလုံးတွေ နဲ့ တော့
ငါ့ကိုရှိုင်းလာမလုပ်ပါနဲ့ 
‘နင်’ ဆိုတာ ငါ့ ကဗျာတွေ ရဲ့ သခင်မို့ 
မျှော်လင့်ရင်နဲ့ ချစ်ခြင်ကို ချဉ်ချင် တက်ခဲ့တဲ့အခါ
စကားလုံးတွေနဲ့  ငါ့အချစ်ကို သက်မပြစ်လိုက်ပါနဲ့ 
ငါဟာ…..ဝဋ်ကြွေး ကိုတပ်မက်နေသူမို့ 
နင် ပြုသမျှ နုရဦးမယ်
နင် စေဆိုရင် စေ ရဦးမယ်
ကျေးဇူးပြုပြီ သနားသလိုလာမလုပ်နဲ့ 
စကာ အပိုတွေ ငါ မပြောတာကြာပြီ ။

တကယ်တော့_ _ _ _ _ နင်ဟာ ငါ့ရဲ ကျဆုံးခန်းကို ဇိမ်ပြေနပြေထိုင်ကြည့်ချင်နေတဲ
မိန်မတစ်ယောက်ဆိုတာ ငါနောက်ကျမှ သိလိုက်ရတယ်…။

0 comments:

Post a Comment