Monday, May 13, 2013

ဟေ့………..ဟေ့ ကောင်မလေး


မွန်းကျပ်နေတဲ့ ရင်ထဲကဒဏ်ရာ
နင်မြင်အောင် မပြချင်ဘူး
အပြုံးမဲ့ပြီးဖြစ်တဲ့ နင့်မျက်လုံးစိမ်း
ဆုံးအောင် ကြည့်ဖို့ ငါအလိုမရှိဘူး
ခြေလှမ်းတွေ ရပ်တန့်  ခဲတာပဲ
တွေဝေပြီ ငြိမ်မနေ ပါနဲ့ လား
ဟေ့………..ဟေ့ ကောင်မလေး
ပိုင်တယ်ထင်ရင် အဆုံးသက်ကြတာပေါ့
မငြိုတွေနဲ့ နာရီတွေပေါ် မစီးမျှောချင်ဘူး
အမုန်း နေ့ ရက်တွေရင်ဆိုင်ကြမလား
ကဲ……မဆုံးမှတော့ မဆိုင်သူတွေလိုနေကြတာပေါ့
ပိုင်တယ်ထင်ရင် ရှောင်မထွက်ကြေးလေ

0 comments:

Post a Comment